မနေ့က ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မဲခွဲမှုမှာတော့ အင်္ဂလန် ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ စပါးတို့ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံ မှုကြောင့် မန်စီးတီးနဲ့ စပါးအသင်းတို့ဟာ လာမယ့်ဧပြီလအတွင်းမှာ ၁၁ ရက် အတွင်း ၃ပွဲရင်ဆိုင်ကစားရဖို့ရှိနေပါတယ်။ ဒါဟာဖြစ်တောင့်ဖြစ်ခဲအခြေအနေတစ်ခုလို့ဆိုရမှာပါ။
လန်ဒန်အခြေစိုက်အသင်းနဲ့ မန်ချက်စတာအခြေစိုက်အသင်း တို့ရဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် ပထမအကျော့ပွဲကို ဧပြီ ၉ရက်နေ့ မှာ စပါးအသင်းရဲ့ ပရိတ်သတ် ၆၂၀၀၀ဆံ့ အိမ်ကွင်းအသစ်ကြီးမှာ ယှဉ်ပြိုင် ကစားမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ကို တော့ ဧပြီ ၁၇ရက်မှာမန်စီးတီးရဲ့အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင်မှာဖြစ် ပါတယ်။
ပြီးရင်တော့ ဒီနှစ်သင်းရဲ့ တတိယအကြိမ်မြောက်တွေ့ဆုံမှုအဖြစ် ပရီးမီးယား လိဂ်ပွဲစဉ်အဖြစ် ဧပြီ ၂၀မှာ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ၁၁ ရက်အတွင်းမှာ မန်စီးတီးနဲ့စပါးအသင်းတို့က သုံးကြိမ်ကစားရတော့မှာ ပဲ ဖြစ်ပါတယ်။

